Tuesday, July 22, 2014

The oldest and strongest
emotion of mankind is fear,
and the oldest and strongest fear is fear of the
unknown.
လူ သား ၏ အ ဟောင်း ဆုံး နှင့် အ
ကြီး ဆုံး သော စိတ် လှုပ် ရှား မှု ဟာ
ကြောက် ရွှံ့ ခြင်း ပဲ ၊ အ ဟောင်း ဆုံး
အ ကြီး ဆုံး သော ကြောက် ရွံ့ ခြင်း
ဟာ ဘာ မှန်း မ သိ တာ ကို ကြောက်
ရွှံ့ ခြင်း ပဲ ဖြစ် တယ်။ ။ ။
နေထွက် လာ တာ
မင်း မ ပြော လည်းငါ သိ ပါ တယ်
ပြဿနာ တွေ ကို ကွမ်ဝါးသလို ဝါးပြီး
ထွေး မ ထုတ် နိုင် တဲ့
ဘတ်(စ်)ကား အိုကြီးတွေ ရှိ တယ်
သူ တို့  ရဲ့ အော်ဟစ် ငြီး တွား သံ တွေနဲ့
စတင် လိုက် ရဲ့
ဒါ ဟာ ပရီမီးသီးရပ် ကျိန် စာ သင့် နေ တဲ့
မ နက် ခင်း ပဲ
ငါ ခုန် ချ လိုက် တဲ့ နေ ရာ ဟာ
နတ်သမီး ရေ ကန် မ ဟုတ် မှန်း သိ လိုက် ရ
နတ်သမီး ရေ ကန် ဖြစ် နေ လည်း
ငါမှရေမကူးတတ် ပဲ
အဲ ဒါ က ဆုဘူး တစ် လုံး လို ဝဖီး နေ တဲ့ လူ
သူ့ ဗိုက် ထဲ မှာ စာနာစိတ်က လွဲ ရင်
တော် တော် များ များ ထည့် ထား နိုင်တယ်
လူကြီး ကို ရိုသေ ရ တယ် လို့ လာ ပြောတယ်
ရိုသေထိုက်အောင်နေလေ လို့
ပြောမပြ ဖြစ် ခဲ့ ပါ ဘူး
သူ့ ရဲ့ မစာနာတက် တဲ စိတ် နဲ့
လာ ထိုး နှက် နေ မှာ စိုး လို့
။  ။
သာဓက
ဂန္တဝင် မမ လေ
ရှေးက ကု သိုလ်ကြောင့် ထင် ရဲ့
ကျွန် တော် ရင် တွေ ခုန် တယ်

ခိုပြာရောင် မျက်နှာမှာ
သိပ္ပံ အလှကုန် ဘာမှမရှိ
သံ ခင်း တမန်ခင်း အပြုံး မရှိ
သူကျတော့ ကြည့် လို့ ကောင်း တယ်

မြင်ရတိုင်း ပါပဲ
ပါ တိတ် ၊ အချိတ် ၊ ဇင်းမယ်ထဘီနဲ့
အင်္ကျီ အ ဖြူ လက် စ က ချည်းပဲ ဝတ်တယ်
သူကျတော့ ကြည့် လို့ ကောင်း တယ်

အုန်း ဆီ နဲ့ စို နေ တဲ့ ဆံ ပင်
တင်း ပိ အောင် ဖြီး သင် ထား တယ်
သူကျတော့ ကြည့် လို့ ကောင်း တယ်

စစ်ကြို ခေတ် တစ် ခေတ် လုံး
မမ ကို ဖုံး နေ တယ်
သူကျတော့ ကြည့် လို့ ကောင်း တယ်
အောင်ချိမ့်
ချစ် သူ ရေ
နှလုံး သား ကို လေ
ထဘီ အဆင် လှလှ လေး ရက် ပေးမယ်
လောကဓံ တရား တွေ ကို တော့
ဖန် ခွက် ထဲ မှာ အ ရက် နဲ့ ရေား ပြီး
ကိုကို မော့ထည့် လိုက် ပြီ ကွာ
မောင် ချော နွယ်၊   ။

သာဓက

Monday, July 14, 2014

ဝဋ် နာ ကံ နာ လို
စွဲ လမ်း မှု မျိုး နဲ့
ချစ် နေ မိ တဲ့
ငါ လို လူ ကို မှ
အ လွမ်း တွေ စွန့် ကြဲ ခဲ့ ရ သ လားး
ကောင် မ လေး ရေ
အ လွမ်း နဲ့ ပက် သတ် ရင်
ငါ ဆို တဲ့ ကောင် က
မူ လ တန်း ပါ ဟာ.........

paing soe

Wednesday, July 9, 2014

အ စဉ် မ ပြေ မှု ဆို တဲ့ အ ရာ က
တစ် ချို့ လူ တွေ အ တွက်
အိပ် မက် ထဲ တောင် ၀င် မ လာ ခဲ့ ကြ ဘူး...
တစ် ချို့ လူ တွေ အ တွက် က တော့
အ စဉ် မ ပြေ မှု ဆို တာ
သူ တို့ ရဲ့ ငယ် ပေါင်း ကြီး ဖော်...။

လွယ် အိတ် လွယ် ကျောင်း တက် ရ မဲ့ အ ရွယ်
ကြွပ် ကြွပ် အိတ် ကြိုး ချည်လွယ်ပြီး
လမ်း ကြို လမ်း ကြား
လျှောက် သွား နေ ရ တဲ့
က လေး ငယ် တွေ
ဘယ် လောက် တောင် များ ပြားနေပြီလဲ

တစ် ချို့ က လေး တွေ ကျ ပြန် တော့
သူ တို့ ၀မ်း စာ ရိ က္ခာ အ တွက်
အ ရှက် တ ရား ကို ခ ၀ါ ချ
သူ ဖုန်း စား (သူ တောင်း စား)
လေး တွေ ဖြစ် နေ ပါ ရော့ လား..။

တစ် ချို့ ကျ တော့ သင် သူ ရှိ လို့ တတ် တယ်.
တစ် ချို့ ကျ တော့ သင် သူ မ ရှိ အဲ တတ် တယ်.
မ ပြေ လည် တဲ့ စီး ပွား ရေး က
လူ တစ် ယောက် ရဲ့ ဘ ၀ နဲ့
စိတ် ဓါတ် အောက် ဆုံရောက်အောင်
ဆွဲ ချ သွား ခဲ့ ပြီ ပေါ့....။

ဘယ် သူ သေ သေ င တေ မာ ရင်
ပြီး ရော ဆို တဲ့
လူ့ အ တ္ထ သ မား တွေ.
ကိုယ့် ဘက် သာ ကို ယက်တတ်တဲ့
လိပ် အ ကြီး စား ကြီး တွေ.
တစ်ဘို့ ထဲ သာ ကြည့် တတ် ကြ တဲ့
လူ့ င နွား ကြီး တွေ.....။

သူ တို့ ရဲ့ ညစ် ထေး ပေ ရေ နေ တဲ့
စိတ် ၀တ် ရုံ ကို
ငွေ ကြေး နဲ့ ဖုံး ဖိ ၀တ် ဆင် ပြီး
ဟို တယ် မှာ သိန်း ချီ ပေး ရ တဲ့
ည စာ ကို တက် စား နေ ကြ တယ်..။

ဖောင် ဒေး ရှင်း တွေ တော့
အ ပြိုင် အ ဆိုင်
ထူ ထောင် နေ ကြ ပါ ရဲ့..
မျက် စိ သူ ငယ် နား သူ ငယ်
ဖြစ် နေ တဲ့
အ နံ့ တ ထောင်း ထောင်းဘ၀တွေက
က လေး ငယ် တွေ အ တွက် တော့
မေ့ လျှော့ နေ ကြ လေ သ လား..။

က လေး ငယ် တွေ ဆို တာ
နောင် တစ် ချိန်
တိုင်း ပြည် အ နာ ဂါတ် အ တွက်
လင်း လက် တဲ့ ကြယ်ပွင့်လေးတွေပဲ
ဖြစ် နေ ရ မှာ လေ....။

ပိုက် ဆံ ရ ဖို့ အ တွက်
သူ တစ် ပါး ခြေ ဖ မိုး
ရှစ် ခိုး နေ ရ တဲ့ က လေး မျိုး တွေ
များ ပြား လာ ခဲ့ မယ် ဆို ရင် တော့
တိုင်း ပြည် အ နာ ဂါတ်
ဘယ် လိုဖြစ်လာမယ်ဆိုတာ တောင်
တွေး မ ကြည့် ၀ံ့ တော့ ဘူး...။ ။

paing soe
ယုံ ကြည် ကိုး ကွယ် မှု တွေ ကို
ဒု တိ ယ နေ ရာ မှာ ထား ပြီး
လူ ကို လူ လို့ ပဲ မြင် တတ် တဲ့
အ မြင် လေး တစ် ခု ကို
ပ ထ မ နေ ရာ မှာ သာ ထား ရင်
အ ရမ်း အေး ချမ်း သွား မှာ ပါ။ ။ ။

 
ငါ့ မှာ..သုံး ရာ သီ ကို တစ် ရက် စွန်း
တဲ့ အ ထိ
မင်း ရဲ့ မိုး တိမ် တွေ နဲ့ ပဲ
သာ ယာ နေ မိ တယ်။
ကောင် မ လေး ရေ....
မင်း ဘယ် တော့ ရွာ ချ လိုက် မှာ လဲ
မြေ ကြီး ထဲ က သံ ယော ဇဉ် အ မြစ် တွေ
အိပ် မက် နဲ့ ပဲ စို စွတ် နေ ရ ပေါ့။
မင်း ခိုက် စိုး စန်
အိပ် မက် ဆို တာ
ကိုယ့် စိတ် ကူး တွေ က
ကိုယ့် ကို ပြန် ပြောပြ တဲ့ ပုံ ပြင် ပေါ့။

ကောင် မ လေး ရေ...
မင်း ရဲ့ လက် သည်း ခွံ တွေ ကို
အ ရောင် ခြယ် ဖို့ အ တွက်
ငါ ဟာ ဆိုး ဆေး တစ် ပု လင်း
မ ဟုတ် ခဲ့ ပါ ဘူး။
(ငါ့ ကို.....)
ဆိုး လွယ် ဖျက် လွယ်
သ ဘော မ ထား ပါ နဲ့။
ငါ့ အိပ် မက် တွေ က
မင်း ကို ကျိန် ဆဲ ကြ လိမ့် မယ်။ ။
မင်း ခိုက် စိုး စန်
အချစ်ဆိုတာ
ကဗျာဆန်တယ်ဆိုတာထက်ပိုပါတယ်
ဒါပေမယ့် ငါတို့အချစ်ဟာဘယ်လိုမှ ကဗျာမဆန်ခဲ့ပေမယ့်
သစ္စာတရားကိုတော့ ကာရံတွေအထပ်ထပ်နဲ့ ပိတ်လှောင်ထားခဲ့တာပေါ့
ငါကဆွဲဆောင်မှုမရှိတဲ့ ယောင်္ကျားတစ်ယောက်ပါ
ဒါပေမယ့် ငါ့အချစ်တွေက
နင့်အပေါ် ဘယ်လောက်ထိဆွဲဆောင်ထားနိုင်မလဲဆိုတာငါမသိဘူး
လွမ်းတယ်ဆိုတာ ချစ်နေသူတွေရဲ့အလုပ်ပါ
ငါအခုနင့်ကိုလွမ်းနေတယ်
ငိုတယ်ဆိုတာက အရှုံးပေးတဲ့သူရဲ့စရိုက်
ငါငိုတဲ့အဆင့်တော့ ဖြတ်ကျော်ပြီးပြီလေ
မြစ်တစ်ဆင်းက မြင့်ရာကနိမ့်ရာကိုစီးဆင်းတယ် အချစ်ဆိုတာ မြစ်နဲ့ဆန့်ကျင်ဘတ် နိမ့်ရာက မြင့်ရာကိုမျှော်မှန်းတတ်ကြတယ်
မမုန်းဘူးဆိုတာရဲ့ဆန့်ကျင်ဘတ်က ချစ်ခြင်းလို့ငါမသတ်မှတ်ထားပါဘူး အခြားလေးနက်တဲ့အဓိပ္ပါယ်တွေရှိနေတတ်တာပဲ
အရာအားလုံးမှာ ရွေးချယ်မှုတွေများရင်တွေဝေတတ် ကြပေမယ့် ငါကတော့ နင့်ကို တစ်လောကလုံးရဲ့ ရွေးချယ်မှုကင်းမဲ့တဲ့ ချစ်သူတစ်ယောက်အဖြစ်သတ်မှတ်ထားပြီးသားပါ။ ။
မမုန်းပါနဲ့လို့ တောင်းဆိုချင်ခဲ့သလို ချစ်ပါလို့လည်း မပြောခဲ့ရိုးအမှန်ပါ ဒါဟာငါ့ရဲ့ ဆွဲဆောင်မှုမရှိဆုံးသော တစ်ခုတည်းသောသစ္စာပါ။ ။
thurain
လွမ်း ရ သည်
လွမ်း ရ သည် . . . . . . . . . . . . . . . .
ကျွန်တော့ ကို မ ချစ် သော
အချစ်ဦး ကို
လွမ်း ရ သည်
မမသန့် ကို လည်
လွမ်း ရ သည်
လွတ် ကင်း သွား သည့် တိုင်
အ ရိပ် ထင် နေ သေး သေား
ကြွေး ဟောင်း တ ခု အ တွက်
လွမ်း ရ သည်
ဒ ဂုံ တာ ရာ ၏ ''မေ'' ကို လည်
လွမ်း ရ သည်
မ ရည် ရွယ် သော် လည်
ထိ ခိုက် မိ သွား သေား သူ ကို
လွမ်း ရ သည်
တက္ကသိုလ်ဘုန်နိုင် ၏ "ခိုင်" ကို လည်
လွမ်း ရ သည်
လေဒီ ဒိုင်ရာနာ ကို လွမ်း ရ သည်
ဆော့ခ်ကရေးတီး ကို လည် လွမ်း ရ သည်
ရာဘင်ဒြာနတ် တဂိုး ကို လည် လွမ်း ရ သည်
တာရာမင်းဝေ ကို လည် လွမ်း ရ သည်
Eros ကို လည် လွမ်း ရ သည်
ပရိမီးသီးရပ် ကို လည် လွမ်း ရ သည်
လွမ်း ရ သည်
ကျွန် တော် လွမ်း နေ ရ သည် . . . . . . . . . . .
ဧက

Tuesday, July 1, 2014

သ တိ ရ မိ ပါ တယ် မ သစ္စာ
နှ လုံး သား က ရိုး ပြက် မြေ လို
တွန့် ခေါက် နေ ပြီး တော့ ကို
သ တိ ရ ပါ တယ်
ဖြူ စင် တယ် လို့ ယုံ ကြည် ပေး မယ် ဆို ရင်
တ ကြိမ် လောက် တော့
မျက် နှာ ချင်း ဆိုင် ထိုင် ခွင့် ပြု ပါ
ကျွန် တော် ဟာ
လူ ကြိုက် များ တဲ့ ကောင်
မ ဟုတ် မှန်း လည်း သိပါ တယ်
ဒါ ဟာ လည်း
ကျွန်တော့် ရဲ့ ရွေး ချယ် မှု
မဟုတ် ရိုး အမှန် ပါ
ကျွန် တော့် ရဲ့ ဖြစ် တည် မှု
ပေါက်စိန် နဲ့ ပေါက် ခံ ရ တယ် လို့ လည်း
မ ဆို သာ ပါ ဘူး
တ ကြိမ် လောက် ဖြစ် ဖြစ်
ပြောင် ပြောင် မြောက် မြောက်
လင်း ပြ ဖို့ အ တွက် တောင်
ပျင်း ရိ တဲ့ လူ မို့
ဒီ လို ဖြစ် နေ တယ် ဆို တာ
အံ့သြ စ ရာ မ ရှိ ဘူး ပေါ့
ဘ ဝ အာ မ ခံ ချက် တွေ ကို
သစ် မ ရ ခင် ဝါး ဘောင် ကွတ် ဖို့
နား မ လည် ခဲ့ သူ မို့
လူ ရို သေ ရှင် ရို သေ လည်း မ ဖြစ် ခဲ့
အ ရက် ဖြူ ကို
ယဉ်ကျေးမှု လုပ်
သောက် တတ် သွား တာ ပဲ
အ ဖက် တင် တယ်
ခါး သက် ခြင်း ကို
အ ရ သာ ခံ ဖို့ လည်းမမေ့ လျှော့ ခဲ့ ဘူး ပေါ့
အဲ ဒါ ကျွန် တော် ပါ ပဲ
ဖြူ လို့ မ ရ တော့
ဝါ လိုက် ရ တယ်
ဒါ ပေ မဲ့ မသစ္စာ ရယ်
ခင်ဗျား ကို တော့ ရိုးရိုး သားသား
သ တိ ရ မိ ပါ တယ်။   ။

ဧက

Monday, June 30, 2014

ငါကနှလုံးသားကို ရင်းနှီးထားရတဲ့သူပါ
ဘာမဟုတ်တဲ့ ရင်ခုန်မှုတစ်ခုထဲနဲ့
ငါ့ရဲ့အရင်းအနှီးလေး
ဆုံးရှုံးသွားမှာငါမလိုလားဘူး ချစ်သူ။ ။
ငါက နင့်ရဲ့လှည့်ကွက်တွေကြားမှာ
အရှုံးခံပြီးချစ်နေရတယ်ဆိုတော့
ဒေ၀ါလီမခံခင် နင့်ရဲ့
အနာမ်းလေး တစ်ပွင့်တော့
အမြတ်ထုတ်သွားချင်တယ်။   ။
သူရိန်
နှလုံးသားတွေ ဆတ်ဆတ်
တုန်နေတယ်ဆိုပေမယ့်
အချစ်ရဲ့ကျေးကျွန်ဖြစ်နေပြီးလားဆိုတဲ့
ရှုးသွပ်မှုမျိုးနဲ့ ငါလွမ်းနေခဲ့တာမဟုတ်ပါဘူး
ငါ့ရဲ့မနက်ဖြန်တိုင်းမှာ နင့်ကို
ငါအခု မျှော်ကြည့်နေမိတဲ့
လမင်းလေးထက် ပိုမိုတောက်ပပါစေဆိုတဲ့
မေတ္တာမျိုးနဲ့ နှလုံးသားကိုရင်းပြီး
ငါလွမ်းနေခဲ့ရတာပါဟာ
အကယ်၍သာ
လောကဓံကြီးက တိမ်ဆိုင်တွေနဲ့
ဖုံးလွမ်းနေခဲ့မယ်ဆိုရင်
ငါတို့ရဲ့ အနာဂတ်လေးက
ငါ့ကိုနင်းချေဖျက်ဆီးသွားလိမ့်မယ် ချစ်သူ
နင့်ရဲ့လှပမှုကို ငါ့ရဲ့အချစ်တွေက
တန်ဆာဆင်ထားနိုင်သလို
ငါ့ရဲ့နှလုံးသားကိုလည်း
နင့်ရဲ့ အချစ်တွေနဲ့ ထွေးပိုက်ခွင့်လေး
ထာဝရပေးသနားပါနော်။
တောင်းဆိုမှုမဟုတ်ခဲ့ရင်တောင်
ငါပြောသမျှကိုတောင်းတမှုအဖြစ်
သတ်မှတ်ပေးပါ။   ။
သူရိန်
လွမ်းလိုက်တာ ချစ်သူရယ်
နှလုံးသားတွေ ပဲ့တင်ထပ်လို့
ကမ္ဘာမြေကြီးတုန်ဟီးသွားမယ်ဆိုရင်တောင်
အချိန်တိုင်းနေရာတိုင်း စကန့်တိုငးမှာ
ချစ်သူကိုလွမ်းနေရတဲ့ အလွမ်းလေး
ပျက်ပြယ်သွားမှာကိုပဲ ကြောက်မိနေတာပါ
ကဗျာတစ်ပုဒ်ရဲ့ ကာရံတွေက
ချိုမြိန်နိုင်ပေမယ့်
ချစ်သူကိုလွမ်းနေရတဲ့ အလွမ်းတွေက
ရင်ဘတ်တစ်ခုလုံးကို
လောင်မြိုက်စေတဲ့ အထိခါးသီးလွမ်းတဲ့
လောကကြီးကမတရားလိုက်တာ
ဘာဖြစ်လို့များ တို့နှစ်ယောက်နီးရပ်နဲ့
ဝေးနေရတာပါလိမ့်
ကောင်းပါတယ်လေ
ဝေးနေရတဲ့ အဖြစ်တွေက
ကြီးမားတဲ့ အချစ်ရဲ့ ခွန်အားဖြစ်စေခဲ့တာပေါ့။   ။
သူရိန်
ဆံနွယ်လေးတွေကြားက
မခို့တရို့ တိုးထွက်လာတဲ့
သူရဲ့ အိနြေ္ဒလေးပေါ့။
ကျွန်တော့ရဲ့  လှိုင်းထန်နေတဲ့
မာနတရားကိုထိပါးဖို့ ကြိုးစားနေလေရဲ့။
ပါးကွက်ကြားလေးတွေကြားက
မထင်သာအောင် ပြုံးပြလိုက်တဲ့
သူရဲ့ပါးပြင်လေးနှစ်ဖက်ပေါ့။
ကျွန်တော့ရဲ့အေးဆက်မာကြောစွာနဲ့
ကျောက်ချထားခဲ့တဲ့
နှလုံးသားတစ်စုံကို
တူးဆွဖို့ကြိးစားနေလေရဲ့။  ။
နှာတံလေးတွေအောက်က
ပန်းနုရောင် နှာခမ်းပါးရဲရဲလေးပေါ့
ကျွန်တော့ရဲ့ ဘ၀ကို
အချစ်သင်ခန်းစားတွေနဲ့
မငြီးငွေ့အောင်
တန်ဆာဆင်ပေးနိုင်ခဲ့တယ်လေ။   ။
သူရိန်
ကျေနပ်စွာခံယူထားတဲ့
ဘ၀ရဲ့ တစ်ဆစ်ချိုးအပိုင်းအဆလေးတစ်ခုကို
ပိတ်လှောင်ထားတဲ့
အခန်းငယ်လေးရဲ့အနောက်မှာ
လုံချုံစွာ သိမ်းဆည်းထားချင်ပေမယ့်
အချိန်တိုင်း နေရာတိုင်း စကန့်တိုင်းမှာ
မမြင်နိုင်တဲ့ကြိုး
မသိနိုင်တဲ့ ဘာသာစကားအချို့နဲ့
နားမလည်နိုင်အောင်ချိန်းခြောက်နေခဲ့ပြီး
ဘ၀တစ်ခုလုံးကို တုန်လှုပ်စေခဲ့တာပေါ့
ဒါကို အချစ်လို့ခေါင်းစဉ်တပ်ရင်
နှလုံးသားက မင်းကို
တစ်ဘ၀လုံး
ဒဏ်ခတ်ထားလိမ့်မယ်။   ။
သူရိန်
ရောက်ရှိနေတဲ့ဘ၀မှာပဲ
နေတတ်အောင်ကြိုးစားကြည့်မယ်ဆိုရင်
သူဆိုတာ ငါ့လောက်တန်းဖိုးရှိနိုင်လိမ့်မယ်မထင်ဘူး။  ။
ပေးဖူးတဲ့အနာမ်းတွေနဲ့
ရရှိဖူးတဲ့ ထပ်တူညီ
တန်ပြန်သက်ရောက်မှုတွေကို
ဘ၀ရဲ့စာမျက်နှာတစ်ပုဒ်အနေနဲ့
ဖတ်ရှု့ခွင့်ရှိပါတယ်။  ။
သွားခဲ့ရတဲ့ ခရီးတွေနဲ့
ပြန်ခဲ့ရတဲ့ နိဂုံးတွေကို
ပန်းတိုင်တစ်ခု အဖြစ်
မသတ်မှတ်ခင်
လျှောက်နေတဲ့လမ်းက အချစ်နဲ့
ကင်းကွာနေရဲ့လား ဆိုတာ
ပျံဝဲနေတဲ့ ငှက်ကလေးတစ်ကောင်က
အဖြေထုတ်ပေးလိမ့်မယ် ချစ်သူ။    ။
သူရိန်
နင့် အ ချစ် က သာ

ဒီ ရေ အ တက် အ ကျ လောက်

သေ ချာ မယ် ဆို ရင်.....

ငါ...ခြေ စုံ ပစ် ပြီး

ရင် ခုန် လိုက် ပါ တယ်။ ။ ။

ပိုင်စိုး
အ ချစ် တွေ ပြို အက် မ လာ ခင် က တည်း က
အ ကြင် နာ တွေ ပါး လွှာ သွား ခဲ့ တာ ပါ။ ။
အ ခု တော့....သ စ္စာ တ ရား တွေ
တ ဖြုတ် ဖြုတ် ကြွေ..
အဲ လောက် ခါး သက် မယ် မှန်း သိ ရင်..ငါ အ စ က တည်း က
မ တို့ ထိ ခဲ့ ပါ ဘူး။ ။
ဩော်..အ လွမ်း ဥ ဩ တွေ တောင်
ဆွဲ နေ ပြီ........
အဲ ဒါ ဆို ရှေ့ မှာ စောင့် နေ တာ
အ သည်း ကွဲ ဘူ တာ ပေါ့.....

ပိုင်စိုး
နင့် အ ချစ် က သာ

ဒီ ရေ အ တက် အ ကျ လောက်

သေ ချာ မယ် ဆို ရင်.....

ငါ...ခြေ စုံ ပစ် ပြီး

ရင် ခုန် လိုက် ပါ တယ်။ ။ ။

                 ပိုင်စိုး
 
ငါးမွှေ ထိုး ပွဲ တော် တည် ည

ညကမည်း မည်း မိုး သည်း သည်း
ထင်း က နဲ လင်း က နဲ
ရန် ကုန် မြစ် ထဲ က ငှက် သမ္ဗာန် တစ် စင်း
ဝရဇိန် လက် နက်
ပြန် ထား ချိန်
နစ် မြုတ် သွား တယ်
ဘယ် သူ မှ မ သိ လိုက်
အဲ ဒါ . . . . . . . . . . . . . .

ဧက

Wednesday, June 18, 2014

အရှုံးဘေးထွက်ပစ္စည်းအဖြစ်
ငါဟာလိုက်လျောတတ်လာခဲ့တယ်
အရောင်တွေတလက်လက်ထမနေဘဲ
ပျော်ဝင်နေရုံလေးပါ
ဘယ်သူ့ကြောင့်ရယ်တော့မဟုတ်
ဒီလိုပါပဲ ငြီးငွေ့လာတာပေါ့
မင်းခွေးနိုင်နွားနိုင် နိုင်ခဲ့တဲ့လူလေ
ပြောင် မြောက် တဲ့ ပန်း တိုင် တွေ လည်း
ကျိုး ပဲ့ ပျက် ခဲ့ ရ ပေါ့
အဓိပ္ပါယ်မရှိတဲ့
လော က စည်းမျဥ်းတွေနဲ့
ငါနားမလည်နိုင်သေးတဲ့
အချစ်ရဲ့အရည်အချင်း ကို
မင်းယုံကြည်လောက်အောင်
ဘယ်တုန်းကမှလှိုင်းတွေထမပြဘူးပေမဲ့
ငါဟာပင်လယ်ပါ
ဘာများ လဲ အ ချစ် ရယ်

ချစ်သူ ကို မေး တယ်
မြစ် တွေ အ မြဲ စီး နေ တာ
ဝဋ် နာ ကံ နာ လား လို့

သူမ ကို ကျွန်တော် ချစ် ပါ သည်
သိုပေမဲ့
ပူပူ လောင်လောင် အချစ် မျိုး မဟုတ်
နတ်ဘုရားမ တပါး ကိုချစ်သလို
အနုပညာ ပစ္စည် တစ်ခု ကို ချစ်သလို
အိမ်မွေး တရိစ္ဆာန် လေး တကောင် ကို ချစ်သလို
မျှော်လင့်ချက်မပါ တဲ့
ချစ်နေခြင်းသက်သက်မျှသာဖြစ်သည်

ချစ် သူ ကို မေး တယ်
အ ချစ် က ရေား
ဝဋ် နာ ကံ နာ လား လို့
                               

                               ဧက
မိန်း မ သား တ ယောက် အ ဖို့ 
ကိုယ့် ကိုယ် ကိုယ်
ဘယ် လောက် ယုံ ကြည် မှုရှိ သ လဲ
ဆို တဲ့ အ ချက် ဟာ
သူ့ ချစ် သူ ယောက်ျား လေး က
သူမ ကို ဘယ်လောက် ယုယ မြတ်နိုး သလဲ
ဆို တဲ့ အ တိုင်း အ တာ ပေါ် မှာ
မူ တည် ပါ တယ်
မင်းခိုက်စိုးစန်

Friday, June 13, 2014

အပျော် အပါး နဲ့ ပျော်ရွှင်မှု ဟာ
သပ် သပ် ဆီပါ
အချစ် တ ခု ဖြစ် ပေါ် ဖို့ က
ဘာ အပေါ် မှာမှ မူ တည် မနေ ဘူး
ဥပဒေ နဲ့ တရား မျှတခြင်း ဟာ
သံတူ ကြောင်းကွဲ
ဘဝဆိုတာ
အစီအစဉ် တကျ လွဲချော် နေ တဲ့
တိုက် ဆိုင် မှု လေး တွေ
ဒီကမ္ဘာကြီးမှာ ဖြစ်ခဲ့သမျှ ဖြစ်နေသမျှ
ရည်ရွယ်ချက်ရှိရှိ ဖြစ်နေတာပါလို့
တယောက်ယောက်က ပြောခဲ့ရင်
ကျွန်တော် ယုံကြည်မည်မဟုတ်
တချို့က ဘုရားသခင် ရဲ့
အလိုတော် လို့ ပြောမယ်
တချိုက ကံတရား လို့ခေါ်တယ်
ကျွန်တော် ကတော့ တိုက်ဆိုင်မှု လို့ ခေါ်တယ်
ဘယ် လို ပဲ ပြောပြောပါ
ဒီ ကစားပွဲမှာ ငါတို့ အသာစီး မရထားဘူး
သူ့ မျက် ဝန်း တ စုံ က
အသူရာ နက် တဲ့ ချောက်ကပါး ပဲ
ဘယ် လို အန္တရာယ် တွေ
ဘယ် လို အ ပြစ် တွေ
ဘာ တွေ ကို ဟန် ဆောင်
ဖုန်း ကွယ် ထား သ လဲ
မ ရိပ် စား မိ လောက် အောင်
နက် ရှိုင်း တယ်
မ ဟုတ် ဘူး သူ ငယ် ချင်း
မင်း ဘယ် လောက် ပဲ ဖြောင်း ဖြ ဖြောင်း ဖြ
ငါ မှာ လွှတ် မ ရ တဲ့
အ တွေး တစ် ခု ရှိ တယ်
ဒါ ရွှေ မင်း သ မီး နဲ့
စောင်း သ မား ညား တဲ့ ခေတ် မ ဟုတ် ဘူး
ချစ် ရ တာ မ ခတ် ဘူး
ချစ် မြဲ ချစ် နေ ဖို့ က ခတ် တယ်
က တိ ပေး ရ တာ မ ခတ် ဘူး
ကတိ တည် ပို့ က ခတ် တယ်
ရည်းစား စကား ပြော ရ တာ လည် မ ခတ် ဘူး
သူ သိ သွား မှ ခတ် တာ
ဤ ကာ ယေ အ ရိုး စု
ပိုး အ ထု ရှစ် ဆယ်
ဆိုး သ မု ညစ် တွယ်
ချစ် စ ဖွယ် မ ကောင်း
တစ် နေ့ ထက် တစ် နေ့ အို
တ ရွေ့ ရွေ့ ကို တော မျောက် အ လောင်း
သေ မင်း က မ ညှာ ယူ လျင်
ခန္ဓာ မူ ရုပ် ဟောင်း
မ ကြာ သူ ပုပ် လှောင်း လို့
တုတ် ခ နောင်း သ ဖွယ်
ချစ် တဲ့ သူ ကွေ ကွင်း
သေ မင်း က ခွဲ ပါလိမ့် မယ်
မျက် နှာ ယုတ် လက် အုပ် ကွယ် သည်
စက် ဆုတ် ဖွယ် ရှောင် ရှား လို့
နောင် များ ကဲ့ ပ မာ
ဝေး က ပယ် ခွာ
တရား နှင့် အသား ရှာ လျင်
အလ ကား ဟာ ကောင်ပုပ် ပ လေး
ဤ ကား အ ရက် အ ဖုံး ဆု
ပု လင်း အ လုံး ရှစ် ဆယ်
ဝင် သ မျှ ကစ် တယ်
ပစ် ချင် စ ရာ မ ကောင်း
တစ် နေ့ ထက် တစ် နေ့ ပို
ရေ ချိန် ကို တော့ ချ လို့ မ ကောင်း
အ ရက် က မ ညှာ အ နိုင် ယူ လျှင်
ခ န္စာ ကိုယ် အ စိတ် အ ပိုင်း
မ ကြာ သူ ပွ ယောင်း လို့
အ ရက် ဖော သ ဖွယ်
ချစ် သူ က တစ် ယောက် ပြောင်း
သေ မင်း ဆီ ဂျောင်း ပါ လိမ့် မယ်.
အ သက် ကို ဖက် နဲ့ ထုပ် ဝ ကွက် အပ် သည်။
အ ရက် ဆို ရှောင် ရှား လို့
နောင် လူ့ ဘ ဝ မှာ
အ ဝေး က ရှောင် ခွာ...
ဘီ ယာ နှင့် အ စား ထိုး လျှင် ဖြင့်
အ သက် ဟာ ပို ရှည် နိုင် ကောင်း ပါ ရဲ့
ထ မြောက် အောင် မြင် မှု ရဲ့
ပ ထ မ အ ခြေ ခံ ဟာ
ခံ ယူ မှု စိတ် ဓါတ် ပဲ။
စ တင် ယုံ ကြည် တာ နဲ့
တစ် ပြိုင် တည်း
အောင် မြင် မှု စ တာ ပဲ။
( စီ ရော ဘတ် ခ် )
မလှမပခဲ့တဲ့ နာကျင်စရာ
အမှတ်တရတွေ
အတွေးထဲရောက်လာချိန်တိုင်း
မင်းကိုငါအရမ်းသတိရတယ်။
မင်းသိရဲ့လား ငါ့အတွေးထဲမှာ
မင်း အတွက် တည်ဆောက်ထားတဲ့
နန်းတော် ကြီးက
တခမ်းတနား နဲ့ပေါ့။
မင်းရဲ့ပန်းနုရောင်နှုတ်ခမ်းက
ပွင့်အံကျလာတဲ့စကားသံတိုင်းဟာ
ဆွတ်ပျံ့ကြည်နူးစရာတေးတစ်ပုဒ်လိ
ငါမက်မက်မောမောတပ်မက်ခဲ့ရတာပါ။
စိတ်ကူးယဉ်မှုတွေနဲ့ရူးသွပ်ခဲ့ပေမယ့်
သံယောဇဉ်ခြင်းလက်ရည်မမျှတော့လည်
ဒီတစ်သက်.......မင်း နဲ့
ကော်ဖီဆိုင်အတူထိုင်ခွင့်မရှိတော့ဘူး။
နှလုံးသားကဒဏ်ရာတွေ
တဆစ်ဆစ်နာကျင်ရင်း
ငါတို့ရဲ့အချစ်သစ်ပင်
ဝုန်း ခနဲပြိုလဲသွားတယ်
ငါ့ရဲ့စိတ်ကူးယဉ်ရူးသွပ်မှုတွေက
မျက်ရည်နဲ့အတူပျောက်ဆုံးသွားခဲ့ပေါ့။
ဘာပဲဖြစ်ဖြစ်ငါမင်းကိုချစ်တယ်
ငါ့နှလုံးသားမှာ
လွမ်းဆွတ်သတိယမှုတွေကိုသံမှိုနှက်
သွေးစိမ်းရှင်ရှင်ထွက်အောင်လုပ်ခဲ့တာ
မင်းပျော်ရွှင်တယ်ဆို
ငါကျေနပ်ပါတယ်
ငါကျေနပ်ပါတယ်
ငါကျေနပ်ပါတယ်...........
တစ် ကယ် ဆို
ငါ တို့ ဟာ
ခွဲ ခွာ ဖို့ အ တွက် ကို
တွေ့ ဆုံ ခဲ့ ကြ တာ ပါ။ ။

ဘာ မှ မ ဆိုင် တဲ့
ကံ တ ရား ဆို တာ ကြီး ကို
ယိုး မယ် ဖွဲ့ မ နေ ပါ နဲ့။ ။
မ ဖြစ် နိုင် တာ တွေ ပြော ပြီး
လိမ် တာ က ......... အ ချစ်
မ ဖြစ် နိုင် တာ တွေ ပြော လည်း
ယုံ တာ က ........ အ ချစ် ပါ ပဲ။ ။
မိုး တွေ က သည်း ထန် စွာ နဲ့ ကို
ရွာ သွန်း ပေး နေ တာ ပါ။
အဲ့ မိုး က ငါ့ ရင် ထဲ က အ ပူ ကို
့ မ ငြိမ်း သတ် ပေး နိုင် ပေ
မယ့် မျက် တောင် က လေး ယိမ်း
ဝင့် လှုပ် ခတ် ရုံ မျှ နဲ့ မင်း က တော့
ငြိမ်း သတ် ပေး နိုင် ပေး နိုင် တယ်
ဆို တာ မင်း ကို သိ စေ ချင် လိုက် တာ ချစ် သူ ရယ်.......
လူ ဆို တာ.....
သူ တစ် ပါး ရဲ့ ရှင် သန် မှု ကို
တန် ဖိုး ထား တတ် ရ တယ်။ ။

သူ တစ် ပါး ရဲ့ ရှင် သန် မှု ကို
တန် ဖိုး မ ထား တတ် တဲ့ လူ ဟာ
ဓား ကို ၀ှက် ထား တဲ့
သား သတ် သ မား နဲ့ အ တူ တူ ပဲ။

။ တာ ရာ မင်း ဝေ ။
အ ရမ်း လှ တဲ့
ကောင် မ လေး တစ် ယောက်.....
ရိုး ရာ သ နပ် ခါး အ စား
မျက် နှာ ပေါ် မှာ
မာ န ခပ် ပါး ပါး ကို လိမ်း ခြယ် ထား တယ်။ ။ ။

ပွင့် ပွင့် လင်း လင်း ပြော ရ ရင်
တစ် ချက် တစ် ချက် ( သိပ် မ လို အပ် ပါ ပဲ )
အ ရောင် လက် ပြ ချင် နေ တဲ့
မင်း ရဲ့ သောက် မြင် ကပ် စ ရာ
မာ န မျက် နှာ ထား က လွဲ လို့
ကျန် တာ အား လုံး
ချစ် ဖို့ ကောင်း ၏ ။ ။ ။.....