Tuesday, July 1, 2014

သ တိ ရ မိ ပါ တယ် မ သစ္စာ
နှ လုံး သား က ရိုး ပြက် မြေ လို
တွန့် ခေါက် နေ ပြီး တော့ ကို
သ တိ ရ ပါ တယ်
ဖြူ စင် တယ် လို့ ယုံ ကြည် ပေး မယ် ဆို ရင်
တ ကြိမ် လောက် တော့
မျက် နှာ ချင်း ဆိုင် ထိုင် ခွင့် ပြု ပါ
ကျွန် တော် ဟာ
လူ ကြိုက် များ တဲ့ ကောင်
မ ဟုတ် မှန်း လည်း သိပါ တယ်
ဒါ ဟာ လည်း
ကျွန်တော့် ရဲ့ ရွေး ချယ် မှု
မဟုတ် ရိုး အမှန် ပါ
ကျွန် တော့် ရဲ့ ဖြစ် တည် မှု
ပေါက်စိန် နဲ့ ပေါက် ခံ ရ တယ် လို့ လည်း
မ ဆို သာ ပါ ဘူး
တ ကြိမ် လောက် ဖြစ် ဖြစ်
ပြောင် ပြောင် မြောက် မြောက်
လင်း ပြ ဖို့ အ တွက် တောင်
ပျင်း ရိ တဲ့ လူ မို့
ဒီ လို ဖြစ် နေ တယ် ဆို တာ
အံ့သြ စ ရာ မ ရှိ ဘူး ပေါ့
ဘ ဝ အာ မ ခံ ချက် တွေ ကို
သစ် မ ရ ခင် ဝါး ဘောင် ကွတ် ဖို့
နား မ လည် ခဲ့ သူ မို့
လူ ရို သေ ရှင် ရို သေ လည်း မ ဖြစ် ခဲ့
အ ရက် ဖြူ ကို
ယဉ်ကျေးမှု လုပ်
သောက် တတ် သွား တာ ပဲ
အ ဖက် တင် တယ်
ခါး သက် ခြင်း ကို
အ ရ သာ ခံ ဖို့ လည်းမမေ့ လျှော့ ခဲ့ ဘူး ပေါ့
အဲ ဒါ ကျွန် တော် ပါ ပဲ
ဖြူ လို့ မ ရ တော့
ဝါ လိုက် ရ တယ်
ဒါ ပေ မဲ့ မသစ္စာ ရယ်
ခင်ဗျား ကို တော့ ရိုးရိုး သားသား
သ တိ ရ မိ ပါ တယ်။   ။

ဧက

No comments:

Post a Comment