Tuesday, July 22, 2014

ဂန္တဝင် မမ လေ
ရှေးက ကု သိုလ်ကြောင့် ထင် ရဲ့
ကျွန် တော် ရင် တွေ ခုန် တယ်

ခိုပြာရောင် မျက်နှာမှာ
သိပ္ပံ အလှကုန် ဘာမှမရှိ
သံ ခင်း တမန်ခင်း အပြုံး မရှိ
သူကျတော့ ကြည့် လို့ ကောင်း တယ်

မြင်ရတိုင်း ပါပဲ
ပါ တိတ် ၊ အချိတ် ၊ ဇင်းမယ်ထဘီနဲ့
အင်္ကျီ အ ဖြူ လက် စ က ချည်းပဲ ဝတ်တယ်
သူကျတော့ ကြည့် လို့ ကောင်း တယ်

အုန်း ဆီ နဲ့ စို နေ တဲ့ ဆံ ပင်
တင်း ပိ အောင် ဖြီး သင် ထား တယ်
သူကျတော့ ကြည့် လို့ ကောင်း တယ်

စစ်ကြို ခေတ် တစ် ခေတ် လုံး
မမ ကို ဖုံး နေ တယ်
သူကျတော့ ကြည့် လို့ ကောင်း တယ်
အောင်ချိမ့်

No comments:

Post a Comment