Tuesday, July 22, 2014

နေထွက် လာ တာ
မင်း မ ပြော လည်းငါ သိ ပါ တယ်
ပြဿနာ တွေ ကို ကွမ်ဝါးသလို ဝါးပြီး
ထွေး မ ထုတ် နိုင် တဲ့
ဘတ်(စ်)ကား အိုကြီးတွေ ရှိ တယ်
သူ တို့  ရဲ့ အော်ဟစ် ငြီး တွား သံ တွေနဲ့
စတင် လိုက် ရဲ့
ဒါ ဟာ ပရီမီးသီးရပ် ကျိန် စာ သင့် နေ တဲ့
မ နက် ခင်း ပဲ
ငါ ခုန် ချ လိုက် တဲ့ နေ ရာ ဟာ
နတ်သမီး ရေ ကန် မ ဟုတ် မှန်း သိ လိုက် ရ
နတ်သမီး ရေ ကန် ဖြစ် နေ လည်း
ငါမှရေမကူးတတ် ပဲ
အဲ ဒါ က ဆုဘူး တစ် လုံး လို ဝဖီး နေ တဲ့ လူ
သူ့ ဗိုက် ထဲ မှာ စာနာစိတ်က လွဲ ရင်
တော် တော် များ များ ထည့် ထား နိုင်တယ်
လူကြီး ကို ရိုသေ ရ တယ် လို့ လာ ပြောတယ်
ရိုသေထိုက်အောင်နေလေ လို့
ပြောမပြ ဖြစ် ခဲ့ ပါ ဘူး
သူ့ ရဲ့ မစာနာတက် တဲ စိတ် နဲ့
လာ ထိုး နှက် နေ မှာ စိုး လို့
။  ။
သာဓက

No comments:

Post a Comment