ငါကနှလုံးသားကို ရင်းနှီးထားရတဲ့သူပါ
ဘာမဟုတ်တဲ့ ရင်ခုန်မှုတစ်ခုထဲနဲ့
ငါ့ရဲ့အရင်းအနှီးလေး
ဆုံးရှုံးသွားမှာငါမလိုလားဘူး ချစ်သူ။ ။
ငါက နင့်ရဲ့လှည့်ကွက်တွေကြားမှာ
အရှုံးခံပြီးချစ်နေရတယ်ဆိုတော့
ဒေ၀ါလီမခံခင် နင့်ရဲ့
အနာမ်းလေး တစ်ပွင့်တော့
အမြတ်ထုတ်သွားချင်တယ်။ ။
သူရိန်
No comments:
Post a Comment