ဆံနွယ်လေးတွေကြားက
မခို့တရို့ တိုးထွက်လာတဲ့
သူရဲ့ အိနြေ္ဒလေးပေါ့။
ကျွန်တော့ရဲ့ လှိုင်းထန်နေတဲ့
မာနတရားကိုထိပါးဖို့ ကြိုးစားနေလေရဲ့။
ပါးကွက်ကြားလေးတွေကြားက
မထင်သာအောင် ပြုံးပြလိုက်တဲ့
သူရဲ့ပါးပြင်လေးနှစ်ဖက်ပေါ့။
ကျွန်တော့ရဲ့အေးဆက်မာကြောစွာနဲ့
ကျောက်ချထားခဲ့တဲ့
နှလုံးသားတစ်စုံကို
တူးဆွဖို့ကြိးစားနေလေရဲ့။ ။
နှာတံလေးတွေအောက်က
ပန်းနုရောင် နှာခမ်းပါးရဲရဲလေးပေါ့
ကျွန်တော့ရဲ့ ဘ၀ကို
အချစ်သင်ခန်းစားတွေနဲ့
မငြီးငွေ့အောင်
တန်ဆာဆင်ပေးနိုင်ခဲ့တယ်လေ။ ။
သူရိန်
No comments:
Post a Comment