Monday, June 30, 2014

ရောက်ရှိနေတဲ့ဘ၀မှာပဲ
နေတတ်အောင်ကြိုးစားကြည့်မယ်ဆိုရင်
သူဆိုတာ ငါ့လောက်တန်းဖိုးရှိနိုင်လိမ့်မယ်မထင်ဘူး။  ။
ပေးဖူးတဲ့အနာမ်းတွေနဲ့
ရရှိဖူးတဲ့ ထပ်တူညီ
တန်ပြန်သက်ရောက်မှုတွေကို
ဘ၀ရဲ့စာမျက်နှာတစ်ပုဒ်အနေနဲ့
ဖတ်ရှု့ခွင့်ရှိပါတယ်။  ။
သွားခဲ့ရတဲ့ ခရီးတွေနဲ့
ပြန်ခဲ့ရတဲ့ နိဂုံးတွေကို
ပန်းတိုင်တစ်ခု အဖြစ်
မသတ်မှတ်ခင်
လျှောက်နေတဲ့လမ်းက အချစ်နဲ့
ကင်းကွာနေရဲ့လား ဆိုတာ
ပျံဝဲနေတဲ့ ငှက်ကလေးတစ်ကောင်က
အဖြေထုတ်ပေးလိမ့်မယ် ချစ်သူ။    ။
သူရိန်

No comments:

Post a Comment