နှလုံးသားတွေ ဆတ်ဆတ်
တုန်နေတယ်ဆိုပေမယ့်
အချစ်ရဲ့ကျေးကျွန်ဖြစ်နေပြီးလားဆိုတဲ့
ရှုးသွပ်မှုမျိုးနဲ့ ငါလွမ်းနေခဲ့တာမဟုတ်ပါဘူး
ငါ့ရဲ့မနက်ဖြန်တိုင်းမှာ နင့်ကို
ငါအခု မျှော်ကြည့်နေမိတဲ့
လမင်းလေးထက် ပိုမိုတောက်ပပါစေဆိုတဲ့
မေတ္တာမျိုးနဲ့ နှလုံးသားကိုရင်းပြီး
ငါလွမ်းနေခဲ့ရတာပါဟာ
အကယ်၍သာ
လောကဓံကြီးက တိမ်ဆိုင်တွေနဲ့
ဖုံးလွမ်းနေခဲ့မယ်ဆိုရင်
ငါတို့ရဲ့ အနာဂတ်လေးက
ငါ့ကိုနင်းချေဖျက်ဆီးသွားလိမ့်မယ် ချစ်သူ
နင့်ရဲ့လှပမှုကို ငါ့ရဲ့အချစ်တွေက
တန်ဆာဆင်ထားနိုင်သလို
ငါ့ရဲ့နှလုံးသားကိုလည်း
နင့်ရဲ့ အချစ်တွေနဲ့ ထွေးပိုက်ခွင့်လေး
ထာဝရပေးသနားပါနော်။
တောင်းဆိုမှုမဟုတ်ခဲ့ရင်တောင်
ငါပြောသမျှကိုတောင်းတမှုအဖြစ်
သတ်မှတ်ပေးပါ။ ။
သူရိန်
No comments:
Post a Comment