လွမ်းလိုက်တာ ချစ်သူရယ်
နှလုံးသားတွေ ပဲ့တင်ထပ်လို့
ကမ္ဘာမြေကြီးတုန်ဟီးသွားမယ်ဆိုရင်တောင်
အချိန်တိုင်းနေရာတိုင်း စကန့်တိုငးမှာ
ချစ်သူကိုလွမ်းနေရတဲ့ အလွမ်းလေး
ပျက်ပြယ်သွားမှာကိုပဲ ကြောက်မိနေတာပါ
ကဗျာတစ်ပုဒ်ရဲ့ ကာရံတွေက
ချိုမြိန်နိုင်ပေမယ့်
ချစ်သူကိုလွမ်းနေရတဲ့ အလွမ်းတွေက
ရင်ဘတ်တစ်ခုလုံးကို
လောင်မြိုက်စေတဲ့ အထိခါးသီးလွမ်းတဲ့
လောကကြီးကမတရားလိုက်တာ
ဘာဖြစ်လို့များ တို့နှစ်ယောက်နီးရပ်နဲ့
ဝေးနေရတာပါလိမ့်
ကောင်းပါတယ်လေ
ဝေးနေရတဲ့ အဖြစ်တွေက
ကြီးမားတဲ့ အချစ်ရဲ့ ခွန်အားဖြစ်စေခဲ့တာပေါ့။ ။
သူရိန်
No comments:
Post a Comment