Monday, June 30, 2014

ကျေနပ်စွာခံယူထားတဲ့
ဘ၀ရဲ့ တစ်ဆစ်ချိုးအပိုင်းအဆလေးတစ်ခုကို
ပိတ်လှောင်ထားတဲ့
အခန်းငယ်လေးရဲ့အနောက်မှာ
လုံချုံစွာ သိမ်းဆည်းထားချင်ပေမယ့်
အချိန်တိုင်း နေရာတိုင်း စကန့်တိုင်းမှာ
မမြင်နိုင်တဲ့ကြိုး
မသိနိုင်တဲ့ ဘာသာစကားအချို့နဲ့
နားမလည်နိုင်အောင်ချိန်းခြောက်နေခဲ့ပြီး
ဘ၀တစ်ခုလုံးကို တုန်လှုပ်စေခဲ့တာပေါ့
ဒါကို အချစ်လို့ခေါင်းစဉ်တပ်ရင်
နှလုံးသားက မင်းကို
တစ်ဘ၀လုံး
ဒဏ်ခတ်ထားလိမ့်မယ်။   ။
သူရိန်

No comments:

Post a Comment