ငါဟာလိုက်လျောတတ်လာခဲ့တယ်
အရောင်တွေတလက်လက်ထမနေဘဲ
ပျော်ဝင်နေရုံလေးပါ
ဘယ်သူ့ကြောင့်ရယ်တော့မဟုတ်
ဒီလိုပါပဲ ငြီးငွေ့လာတာပေါ့
မင်းခွေးနိုင်နွားနိုင် နိုင်ခဲ့တဲ့လူလေ
ပြောင် မြောက် တဲ့ ပန်း တိုင် တွေ လည်း
ကျိုး ပဲ့ ပျက် ခဲ့ ရ ပေါ့
အဓိပ္ပါယ်မရှိတဲ့
လော က စည်းမျဥ်းတွေနဲ့
ငါနားမလည်နိုင်သေးတဲ့
အချစ်ရဲ့အရည်အချင်း ကို
မင်းယုံကြည်လောက်အောင်
ဘယ်တုန်းကမှလှိုင်းတွေထမပြဘူးပေ
ငါဟာပင်လယ်ပါ
No comments:
Post a Comment