Friday, June 13, 2014

အပျော် အပါး နဲ့ ပျော်ရွှင်မှု ဟာ
သပ် သပ် ဆီပါ
အချစ် တ ခု ဖြစ် ပေါ် ဖို့ က
ဘာ အပေါ် မှာမှ မူ တည် မနေ ဘူး
ဥပဒေ နဲ့ တရား မျှတခြင်း ဟာ
သံတူ ကြောင်းကွဲ
ဘဝဆိုတာ
အစီအစဉ် တကျ လွဲချော် နေ တဲ့
တိုက် ဆိုင် မှု လေး တွေ
ဒီကမ္ဘာကြီးမှာ ဖြစ်ခဲ့သမျှ ဖြစ်နေသမျှ
ရည်ရွယ်ချက်ရှိရှိ ဖြစ်နေတာပါလို့
တယောက်ယောက်က ပြောခဲ့ရင်
ကျွန်တော် ယုံကြည်မည်မဟုတ်
တချို့က ဘုရားသခင် ရဲ့
အလိုတော် လို့ ပြောမယ်
တချိုက ကံတရား လို့ခေါ်တယ်
ကျွန်တော် ကတော့ တိုက်ဆိုင်မှု လို့ ခေါ်တယ်
ဘယ် လို ပဲ ပြောပြောပါ
ဒီ ကစားပွဲမှာ ငါတို့ အသာစီး မရထားဘူး

No comments:

Post a Comment