ငါကနှလုံးသားကို ရင်းနှီးထားရတဲ့သူပါ
ဘာမဟုတ်တဲ့ ရင်ခုန်မှုတစ်ခုထဲနဲ့
ငါ့ရဲ့အရင်းအနှီးလေး
ဆုံးရှုံးသွားမှာငါမလိုလားဘူး ချစ်သူ။ ။
ငါက နင့်ရဲ့လှည့်ကွက်တွေကြားမှာ
အရှုံးခံပြီးချစ်နေရတယ်ဆိုတော့
ဒေ၀ါလီမခံခင် နင့်ရဲ့
အနာမ်းလေး တစ်ပွင့်တော့
အမြတ်ထုတ်သွားချင်တယ်။ ။
သူရိန်
Monday, June 30, 2014
နှလုံးသားတွေ ဆတ်ဆတ်
တုန်နေတယ်ဆိုပေမယ့်
အချစ်ရဲ့ကျေးကျွန်ဖြစ်နေပြီးလားဆိုတဲ့
ရှုးသွပ်မှုမျိုးနဲ့ ငါလွမ်းနေခဲ့တာမဟုတ်ပါဘူး
ငါ့ရဲ့မနက်ဖြန်တိုင်းမှာ နင့်ကို
ငါအခု မျှော်ကြည့်နေမိတဲ့
လမင်းလေးထက် ပိုမိုတောက်ပပါစေဆိုတဲ့
မေတ္တာမျိုးနဲ့ နှလုံးသားကိုရင်းပြီး
ငါလွမ်းနေခဲ့ရတာပါဟာ
အကယ်၍သာ
လောကဓံကြီးက တိမ်ဆိုင်တွေနဲ့
ဖုံးလွမ်းနေခဲ့မယ်ဆိုရင်
ငါတို့ရဲ့ အနာဂတ်လေးက
ငါ့ကိုနင်းချေဖျက်ဆီးသွားလိမ့်မယ် ချစ်သူ
နင့်ရဲ့လှပမှုကို ငါ့ရဲ့အချစ်တွေက
တန်ဆာဆင်ထားနိုင်သလို
ငါ့ရဲ့နှလုံးသားကိုလည်း
နင့်ရဲ့ အချစ်တွေနဲ့ ထွေးပိုက်ခွင့်လေး
ထာဝရပေးသနားပါနော်။
တောင်းဆိုမှုမဟုတ်ခဲ့ရင်တောင်
ငါပြောသမျှကိုတောင်းတမှုအဖြစ်
သတ်မှတ်ပေးပါ။ ။
သူရိန်
တုန်နေတယ်ဆိုပေမယ့်
အချစ်ရဲ့ကျေးကျွန်ဖြစ်နေပြီးလားဆိုတဲ့
ရှုးသွပ်မှုမျိုးနဲ့ ငါလွမ်းနေခဲ့တာမဟုတ်ပါဘူး
ငါ့ရဲ့မနက်ဖြန်တိုင်းမှာ နင့်ကို
ငါအခု မျှော်ကြည့်နေမိတဲ့
လမင်းလေးထက် ပိုမိုတောက်ပပါစေဆိုတဲ့
မေတ္တာမျိုးနဲ့ နှလုံးသားကိုရင်းပြီး
ငါလွမ်းနေခဲ့ရတာပါဟာ
အကယ်၍သာ
လောကဓံကြီးက တိမ်ဆိုင်တွေနဲ့
ဖုံးလွမ်းနေခဲ့မယ်ဆိုရင်
ငါတို့ရဲ့ အနာဂတ်လေးက
ငါ့ကိုနင်းချေဖျက်ဆီးသွားလိမ့်မယ် ချစ်သူ
နင့်ရဲ့လှပမှုကို ငါ့ရဲ့အချစ်တွေက
တန်ဆာဆင်ထားနိုင်သလို
ငါ့ရဲ့နှလုံးသားကိုလည်း
နင့်ရဲ့ အချစ်တွေနဲ့ ထွေးပိုက်ခွင့်လေး
ထာဝရပေးသနားပါနော်။
တောင်းဆိုမှုမဟုတ်ခဲ့ရင်တောင်
ငါပြောသမျှကိုတောင်းတမှုအဖြစ်
သတ်မှတ်ပေးပါ။ ။
သူရိန်
လွမ်းလိုက်တာ ချစ်သူရယ်
နှလုံးသားတွေ ပဲ့တင်ထပ်လို့
ကမ္ဘာမြေကြီးတုန်ဟီးသွားမယ်ဆိုရင်တောင်
အချိန်တိုင်းနေရာတိုင်း စကန့်တိုငးမှာ
ချစ်သူကိုလွမ်းနေရတဲ့ အလွမ်းလေး
ပျက်ပြယ်သွားမှာကိုပဲ ကြောက်မိနေတာပါ
ကဗျာတစ်ပုဒ်ရဲ့ ကာရံတွေက
ချိုမြိန်နိုင်ပေမယ့်
ချစ်သူကိုလွမ်းနေရတဲ့ အလွမ်းတွေက
ရင်ဘတ်တစ်ခုလုံးကို
လောင်မြိုက်စေတဲ့ အထိခါးသီးလွမ်းတဲ့
လောကကြီးကမတရားလိုက်တာ
ဘာဖြစ်လို့များ တို့နှစ်ယောက်နီးရပ်နဲ့
ဝေးနေရတာပါလိမ့်
ကောင်းပါတယ်လေ
ဝေးနေရတဲ့ အဖြစ်တွေက
ကြီးမားတဲ့ အချစ်ရဲ့ ခွန်အားဖြစ်စေခဲ့တာပေါ့။ ။
သူရိန်
နှလုံးသားတွေ ပဲ့တင်ထပ်လို့
ကမ္ဘာမြေကြီးတုန်ဟီးသွားမယ်ဆိုရင်တောင်
အချိန်တိုင်းနေရာတိုင်း စကန့်တိုငးမှာ
ချစ်သူကိုလွမ်းနေရတဲ့ အလွမ်းလေး
ပျက်ပြယ်သွားမှာကိုပဲ ကြောက်မိနေတာပါ
ကဗျာတစ်ပုဒ်ရဲ့ ကာရံတွေက
ချိုမြိန်နိုင်ပေမယ့်
ချစ်သူကိုလွမ်းနေရတဲ့ အလွမ်းတွေက
ရင်ဘတ်တစ်ခုလုံးကို
လောင်မြိုက်စေတဲ့ အထိခါးသီးလွမ်းတဲ့
လောကကြီးကမတရားလိုက်တာ
ဘာဖြစ်လို့များ တို့နှစ်ယောက်နီးရပ်နဲ့
ဝေးနေရတာပါလိမ့်
ကောင်းပါတယ်လေ
ဝေးနေရတဲ့ အဖြစ်တွေက
ကြီးမားတဲ့ အချစ်ရဲ့ ခွန်အားဖြစ်စေခဲ့တာပေါ့။ ။
သူရိန်
ဆံနွယ်လေးတွေကြားက
မခို့တရို့ တိုးထွက်လာတဲ့
သူရဲ့ အိနြေ္ဒလေးပေါ့။
ကျွန်တော့ရဲ့ လှိုင်းထန်နေတဲ့
မာနတရားကိုထိပါးဖို့ ကြိုးစားနေလေရဲ့။
ပါးကွက်ကြားလေးတွေကြားက
မထင်သာအောင် ပြုံးပြလိုက်တဲ့
သူရဲ့ပါးပြင်လေးနှစ်ဖက်ပေါ့။
ကျွန်တော့ရဲ့အေးဆက်မာကြောစွာနဲ့
ကျောက်ချထားခဲ့တဲ့
နှလုံးသားတစ်စုံကို
တူးဆွဖို့ကြိးစားနေလေရဲ့။ ။
နှာတံလေးတွေအောက်က
ပန်းနုရောင် နှာခမ်းပါးရဲရဲလေးပေါ့
ကျွန်တော့ရဲ့ ဘ၀ကို
အချစ်သင်ခန်းစားတွေနဲ့
မငြီးငွေ့အောင်
တန်ဆာဆင်ပေးနိုင်ခဲ့တယ်လေ။ ။
သူရိန်
မခို့တရို့ တိုးထွက်လာတဲ့
သူရဲ့ အိနြေ္ဒလေးပေါ့။
ကျွန်တော့ရဲ့ လှိုင်းထန်နေတဲ့
မာနတရားကိုထိပါးဖို့ ကြိုးစားနေလေရဲ့။
ပါးကွက်ကြားလေးတွေကြားက
မထင်သာအောင် ပြုံးပြလိုက်တဲ့
သူရဲ့ပါးပြင်လေးနှစ်ဖက်ပေါ့။
ကျွန်တော့ရဲ့အေးဆက်မာကြောစွာနဲ့
ကျောက်ချထားခဲ့တဲ့
နှလုံးသားတစ်စုံကို
တူးဆွဖို့ကြိးစားနေလေရဲ့။ ။
နှာတံလေးတွေအောက်က
ပန်းနုရောင် နှာခမ်းပါးရဲရဲလေးပေါ့
ကျွန်တော့ရဲ့ ဘ၀ကို
အချစ်သင်ခန်းစားတွေနဲ့
မငြီးငွေ့အောင်
တန်ဆာဆင်ပေးနိုင်ခဲ့တယ်လေ။ ။
သူရိန်
ကျေနပ်စွာခံယူထားတဲ့
ဘ၀ရဲ့ တစ်ဆစ်ချိုးအပိုင်းအဆလေးတစ်ခုကို
ပိတ်လှောင်ထားတဲ့
အခန်းငယ်လေးရဲ့အနောက်မှာ
လုံချုံစွာ သိမ်းဆည်းထားချင်ပေမယ့်
အချိန်တိုင်း နေရာတိုင်း စကန့်တိုင်းမှာ
မမြင်နိုင်တဲ့ကြိုး
မသိနိုင်တဲ့ ဘာသာစကားအချို့နဲ့
နားမလည်နိုင်အောင်ချိန်းခြောက်နေခဲ့ပြီး
ဘ၀တစ်ခုလုံးကို တုန်လှုပ်စေခဲ့တာပေါ့
ဒါကို အချစ်လို့ခေါင်းစဉ်တပ်ရင်
နှလုံးသားက မင်းကို
တစ်ဘ၀လုံး
ဒဏ်ခတ်ထားလိမ့်မယ်။ ။
သူရိန်
ဘ၀ရဲ့ တစ်ဆစ်ချိုးအပိုင်းအဆလေးတစ်ခုကို
ပိတ်လှောင်ထားတဲ့
အခန်းငယ်လေးရဲ့အနောက်မှာ
လုံချုံစွာ သိမ်းဆည်းထားချင်ပေမယ့်
အချိန်တိုင်း နေရာတိုင်း စကန့်တိုင်းမှာ
မမြင်နိုင်တဲ့ကြိုး
မသိနိုင်တဲ့ ဘာသာစကားအချို့နဲ့
နားမလည်နိုင်အောင်ချိန်းခြောက်နေခဲ့ပြီး
ဘ၀တစ်ခုလုံးကို တုန်လှုပ်စေခဲ့တာပေါ့
ဒါကို အချစ်လို့ခေါင်းစဉ်တပ်ရင်
နှလုံးသားက မင်းကို
တစ်ဘ၀လုံး
ဒဏ်ခတ်ထားလိမ့်မယ်။ ။
သူရိန်
ရောက်ရှိနေတဲ့ဘ၀မှာပဲ
နေတတ်အောင်ကြိုးစားကြည့်မယ်ဆိုရင်
သူဆိုတာ ငါ့လောက်တန်းဖိုးရှိနိုင်လိမ့်မယ်မထင်ဘူး။ ။
ပေးဖူးတဲ့အနာမ်းတွေနဲ့
ရရှိဖူးတဲ့ ထပ်တူညီ
တန်ပြန်သက်ရောက်မှုတွေကို
ဘ၀ရဲ့စာမျက်နှာတစ်ပုဒ်အနေနဲ့
ဖတ်ရှု့ခွင့်ရှိပါတယ်။ ။
သွားခဲ့ရတဲ့ ခရီးတွေနဲ့
ပြန်ခဲ့ရတဲ့ နိဂုံးတွေကို
ပန်းတိုင်တစ်ခု အဖြစ်
မသတ်မှတ်ခင်
လျှောက်နေတဲ့လမ်းက အချစ်နဲ့
ကင်းကွာနေရဲ့လား ဆိုတာ
ပျံဝဲနေတဲ့ ငှက်ကလေးတစ်ကောင်က
အဖြေထုတ်ပေးလိမ့်မယ် ချစ်သူ။ ။
သူရိန်
နေတတ်အောင်ကြိုးစားကြည့်မယ်ဆိုရင်
သူဆိုတာ ငါ့လောက်တန်းဖိုးရှိနိုင်လိမ့်မယ်မထင်ဘူး။ ။
ပေးဖူးတဲ့အနာမ်းတွေနဲ့
ရရှိဖူးတဲ့ ထပ်တူညီ
တန်ပြန်သက်ရောက်မှုတွေကို
ဘ၀ရဲ့စာမျက်နှာတစ်ပုဒ်အနေနဲ့
ဖတ်ရှု့ခွင့်ရှိပါတယ်။ ။
သွားခဲ့ရတဲ့ ခရီးတွေနဲ့
ပြန်ခဲ့ရတဲ့ နိဂုံးတွေကို
ပန်းတိုင်တစ်ခု အဖြစ်
မသတ်မှတ်ခင်
လျှောက်နေတဲ့လမ်းက အချစ်နဲ့
ကင်းကွာနေရဲ့လား ဆိုတာ
ပျံဝဲနေတဲ့ ငှက်ကလေးတစ်ကောင်က
အဖြေထုတ်ပေးလိမ့်မယ် ချစ်သူ။ ။
သူရိန်
အ ချစ် တွေ ပြို အက် မ လာ ခင် က တည်း က
အ ကြင် နာ တွေ ပါး လွှာ သွား ခဲ့ တာ ပါ။ ။
အ ခု တော့....သ စ္စာ တ ရား တွေ
တ ဖြုတ် ဖြုတ် ကြွေ..
အဲ လောက် ခါး သက် မယ် မှန်း သိ ရင်..ငါ အ စ က တည်း က
မ တို့ ထိ ခဲ့ ပါ ဘူး။ ။
ဩော်..အ လွမ်း ဥ ဩ တွေ တောင်
ဆွဲ နေ ပြီ........
အဲ ဒါ ဆို ရှေ့ မှာ စောင့် နေ တာ
အ သည်း ကွဲ ဘူ တာ ပေါ့.....
ပိုင်စိုး
အ ကြင် နာ တွေ ပါး လွှာ သွား ခဲ့ တာ ပါ။ ။
အ ခု တော့....သ စ္စာ တ ရား တွေ
တ ဖြုတ် ဖြုတ် ကြွေ..
အဲ လောက် ခါး သက် မယ် မှန်း သိ ရင်..ငါ အ စ က တည်း က
မ တို့ ထိ ခဲ့ ပါ ဘူး။ ။
ဩော်..အ လွမ်း ဥ ဩ တွေ တောင်
ဆွဲ နေ ပြီ........
အဲ ဒါ ဆို ရှေ့ မှာ စောင့် နေ တာ
အ သည်း ကွဲ ဘူ တာ ပေါ့.....
ပိုင်စိုး
Wednesday, June 18, 2014
အရှုံးဘေးထွက်ပစ္စည်းအဖြစ်
ငါဟာလိုက်လျောတတ်လာခဲ့တယ်
အရောင်တွေတလက်လက်ထမနေဘဲ
ပျော်ဝင်နေရုံလေးပါ
ဘယ်သူ့ကြောင့်ရယ်တော့မဟုတ်
ဒီလိုပါပဲ ငြီးငွေ့လာတာပေါ့
မင်းခွေးနိုင်နွားနိုင် နိုင်ခဲ့တဲ့လူလေ
ပြောင် မြောက် တဲ့ ပန်း တိုင် တွေ လည်း
ကျိုး ပဲ့ ပျက် ခဲ့ ရ ပေါ့
အဓိပ္ပါယ်မရှိတဲ့
လော က စည်းမျဥ်းတွေနဲ့
ငါနားမလည်နိုင်သေးတဲ့
အချစ်ရဲ့အရည်အချင်း ကို
မင်းယုံကြည်လောက်အောင်
ဘယ်တုန်းကမှလှိုင်းတွေထမပြဘူးပေ မဲ့
ငါဟာပင်လယ်ပါ
ငါဟာလိုက်လျောတတ်လာခဲ့တယ်
အရောင်တွေတလက်လက်ထမနေဘဲ
ပျော်ဝင်နေရုံလေးပါ
ဘယ်သူ့ကြောင့်ရယ်တော့မဟုတ်
ဒီလိုပါပဲ ငြီးငွေ့လာတာပေါ့
မင်းခွေးနိုင်နွားနိုင် နိုင်ခဲ့တဲ့လူလေ
ပြောင် မြောက် တဲ့ ပန်း တိုင် တွေ လည်း
ကျိုး ပဲ့ ပျက် ခဲ့ ရ ပေါ့
အဓိပ္ပါယ်မရှိတဲ့
လော က စည်းမျဥ်းတွေနဲ့
ငါနားမလည်နိုင်သေးတဲ့
အချစ်ရဲ့အရည်အချင်း ကို
မင်းယုံကြည်လောက်အောင်
ဘယ်တုန်းကမှလှိုင်းတွေထမပြဘူးပေ
ငါဟာပင်လယ်ပါ
ဘာများ လဲ အ ချစ် ရယ်
်
ချစ်သူ ကို မေး တယ်
မြစ် တွေ အ မြဲ စီး နေ တာ
ဝဋ် နာ ကံ နာ လား လို့
သူမ ကို ကျွန်တော် ချစ် ပါ သည်
သိုပေမဲ့
ပူပူ လောင်လောင် အချစ် မျိုး မဟုတ်
နတ်ဘုရားမ တပါး ကိုချစ်သလို
အနုပညာ ပစ္စည် တစ်ခု ကို ချစ်သလို
အိမ်မွေး တရိစ္ဆာန် လေး တကောင် ကို ချစ်သလို
မျှော်လင့်ချက်မပါ တဲ့
ချစ်နေခြင်းသက်သက်မျှသာဖြစ်သည်
ချစ် သူ ကို မေး တယ်
အ ချစ် က ရေား
ဝဋ် နာ ကံ နာ လား လို့
ဧက
်
ချစ်သူ ကို မေး တယ်
မြစ် တွေ အ မြဲ စီး နေ တာ
ဝဋ် နာ ကံ နာ လား လို့
သူမ ကို ကျွန်တော် ချစ် ပါ သည်
သိုပေမဲ့
ပူပူ လောင်လောင် အချစ် မျိုး မဟုတ်
နတ်ဘုရားမ တပါး ကိုချစ်သလို
အနုပညာ ပစ္စည် တစ်ခု ကို ချစ်သလို
အိမ်မွေး တရိစ္ဆာန် လေး တကောင် ကို ချစ်သလို
မျှော်လင့်ချက်မပါ တဲ့
ချစ်နေခြင်းသက်သက်မျှသာဖြစ်သည်
ချစ် သူ ကို မေး တယ်
အ ချစ် က ရေား
ဝဋ် နာ ကံ နာ လား လို့
ဧက
Friday, June 13, 2014
အပျော် အပါး နဲ့ ပျော်ရွှင်မှု ဟာ
သပ် သပ် ဆီပါ
အချစ် တ ခု ဖြစ် ပေါ် ဖို့ က
ဘာ အပေါ် မှာမှ မူ တည် မနေ ဘူး
ဥပဒေ နဲ့ တရား မျှတခြင်း ဟာ
သံတူ ကြောင်းကွဲ
ဘဝဆိုတာ
အစီအစဉ် တကျ လွဲချော် နေ တဲ့
တိုက် ဆိုင် မှု လေး တွေ
ဒီကမ္ဘာကြီးမှာ ဖြစ်ခဲ့သမျှ ဖြစ်နေသမျှ
ရည်ရွယ်ချက်ရှိရှိ ဖြစ်နေတာပါလို့
တယောက်ယောက်က ပြောခဲ့ရင်
ကျွန်တော် ယုံကြည်မည်မဟုတ်
တချို့က ဘုရားသခင် ရဲ့
အလိုတော် လို့ ပြောမယ်
တချိုက ကံတရား လို့ခေါ်တယ်
ကျွန်တော် ကတော့ တိုက်ဆိုင်မှု လို့ ခေါ်တယ်
ဘယ် လို ပဲ ပြောပြောပါ
ဒီ ကစားပွဲမှာ ငါတို့ အသာစီး မရထားဘူး
သပ် သပ် ဆီပါ
အချစ် တ ခု ဖြစ် ပေါ် ဖို့ က
ဘာ အပေါ် မှာမှ မူ တည် မနေ ဘူး
ဥပဒေ နဲ့ တရား မျှတခြင်း ဟာ
သံတူ ကြောင်းကွဲ
ဘဝဆိုတာ
အစီအစဉ် တကျ လွဲချော် နေ တဲ့
တိုက် ဆိုင် မှု လေး တွေ
ဒီကမ္ဘာကြီးမှာ ဖြစ်ခဲ့သမျှ ဖြစ်နေသမျှ
ရည်ရွယ်ချက်ရှိရှိ ဖြစ်နေတာပါလို့
တယောက်ယောက်က ပြောခဲ့ရင်
ကျွန်တော် ယုံကြည်မည်မဟုတ်
တချို့က ဘုရားသခင် ရဲ့
အလိုတော် လို့ ပြောမယ်
တချိုက ကံတရား လို့ခေါ်တယ်
ကျွန်တော် ကတော့ တိုက်ဆိုင်မှု လို့ ခေါ်တယ်
ဘယ် လို ပဲ ပြောပြောပါ
ဒီ ကစားပွဲမှာ ငါတို့ အသာစီး မရထားဘူး
ဤ ကာ ယေ အ ရိုး စု
ပိုး အ ထု ရှစ် ဆယ်
ဆိုး သ မု ညစ် တွယ်
ချစ် စ ဖွယ် မ ကောင်း
တစ် နေ့ ထက် တစ် နေ့ အို
တ ရွေ့ ရွေ့ ကို တော မျောက် အ လောင်း
သေ မင်း က မ ညှာ ယူ လျင်
ခန္ဓာ မူ ရုပ် ဟောင်း
မ ကြာ သူ ပုပ် လှောင်း လို့
တုတ် ခ နောင်း သ ဖွယ်
ချစ် တဲ့ သူ ကွေ ကွင်း
သေ မင်း က ခွဲ ပါလိမ့် မယ်
မျက် နှာ ယုတ် လက် အုပ် ကွယ် သည်
စက် ဆုတ် ဖွယ် ရှောင် ရှား လို့
နောင် များ ကဲ့ ပ မာ
ဝေး က ပယ် ခွာ
တရား နှင့် အသား ရှာ လျင်
အလ ကား ဟာ ကောင်ပုပ် ပ လေး
ပိုး အ ထု ရှစ် ဆယ်
ဆိုး သ မု ညစ် တွယ်
ချစ် စ ဖွယ် မ ကောင်း
တစ် နေ့ ထက် တစ် နေ့ အို
တ ရွေ့ ရွေ့ ကို တော မျောက် အ လောင်း
သေ မင်း က မ ညှာ ယူ လျင်
ခန္ဓာ မူ ရုပ် ဟောင်း
မ ကြာ သူ ပုပ် လှောင်း လို့
တုတ် ခ နောင်း သ ဖွယ်
ချစ် တဲ့ သူ ကွေ ကွင်း
သေ မင်း က ခွဲ ပါလိမ့် မယ်
မျက် နှာ ယုတ် လက် အုပ် ကွယ် သည်
စက် ဆုတ် ဖွယ် ရှောင် ရှား လို့
နောင် များ ကဲ့ ပ မာ
ဝေး က ပယ် ခွာ
တရား နှင့် အသား ရှာ လျင်
အလ ကား ဟာ ကောင်ပုပ် ပ လေး
ဤ ကား အ ရက် အ ဖုံး ဆု
ပု လင်း အ လုံး ရှစ် ဆယ်
ဝင် သ မျှ ကစ် တယ်
ပစ် ချင် စ ရာ မ ကောင်း
တစ် နေ့ ထက် တစ် နေ့ ပို
ရေ ချိန် ကို တော့ ချ လို့ မ ကောင်း
အ ရက် က မ ညှာ အ နိုင် ယူ လျှင်
ခ န္စာ ကိုယ် အ စိတ် အ ပိုင်း
မ ကြာ သူ ပွ ယောင်း လို့
အ ရက် ဖော သ ဖွယ်
ချစ် သူ က တစ် ယောက် ပြောင်း
သေ မင်း ဆီ ဂျောင်း ပါ လိမ့် မယ်.
အ သက် ကို ဖက် နဲ့ ထုပ် ဝ ကွက် အပ် သည်။
အ ရက် ဆို ရှောင် ရှား လို့
နောင် လူ့ ဘ ဝ မှာ
အ ဝေး က ရှောင် ခွာ...
ဘီ ယာ နှင့် အ စား ထိုး လျှင် ဖြင့်
အ သက် ဟာ ပို ရှည် နိုင် ကောင်း ပါ ရဲ့
ပု လင်း အ လုံး ရှစ် ဆယ်
ဝင် သ မျှ ကစ် တယ်
ပစ် ချင် စ ရာ မ ကောင်း
တစ် နေ့ ထက် တစ် နေ့ ပို
ရေ ချိန် ကို တော့ ချ လို့ မ ကောင်း
အ ရက် က မ ညှာ အ နိုင် ယူ လျှင်
ခ န္စာ ကိုယ် အ စိတ် အ ပိုင်း
မ ကြာ သူ ပွ ယောင်း လို့
အ ရက် ဖော သ ဖွယ်
ချစ် သူ က တစ် ယောက် ပြောင်း
သေ မင်း ဆီ ဂျောင်း ပါ လိမ့် မယ်.
အ သက် ကို ဖက် နဲ့ ထုပ် ဝ ကွက် အပ် သည်။
အ ရက် ဆို ရှောင် ရှား လို့
နောင် လူ့ ဘ ဝ မှာ
အ ဝေး က ရှောင် ခွာ...
ဘီ ယာ နှင့် အ စား ထိုး လျှင် ဖြင့်
အ သက် ဟာ ပို ရှည် နိုင် ကောင်း ပါ ရဲ့
မလှမပခဲ့တဲ့ နာကျင်စရာ
အမှတ်တရတွေ
အတွေးထဲရောက်လာချိန်တိုင်း
မင်းကိုငါအရမ်းသတိရတယ်။
မင်းသိရဲ့လား ငါ့အတွေးထဲမှာ
မင်း အတွက် တည်ဆောက်ထားတဲ့
နန်းတော် ကြီးက
တခမ်းတနား နဲ့ပေါ့။
မင်းရဲ့ပန်းနုရောင်နှုတ်ခမ်းက
ပွင့်အံကျလာတဲ့စကားသံတိုင်းဟာ
ဆွတ်ပျံ့ကြည်နူးစရာတေးတစ်ပုဒ်လို
ငါမက်မက်မောမောတပ်မက်ခဲ့ရတာပါ။
စိတ်ကူးယဉ်မှုတွေနဲ့ရူးသွပ်ခဲ့ပေ မယ့်
သံယောဇဉ်ခြင်းလက်ရည်မမျှတော့လည်း
ဒီတစ်သက်.......မင်း နဲ့
ကော်ဖီဆိုင်အတူထိုင်ခွင့်မရှိတော့ဘူး။
နှလုံးသားကဒဏ်ရာတွေ
တဆစ်ဆစ်နာကျင်ရင်း
ငါတို့ရဲ့အချစ်သစ်ပင်
ဝုန်း ခနဲပြိုလဲသွားတယ်
ငါ့ရဲ့စိတ်ကူးယဉ်ရူးသွပ်မှုတွေက
မျက်ရည်နဲ့အတူပျောက်ဆုံးသွားခဲ့ ပေါ့။
ဘာပဲဖြစ်ဖြစ်ငါမင်းကိုချစ်တယ်
ငါ့နှလုံးသားမှာ
လွမ်းဆွတ်သတိယမှုတွေကိုသံမှိုနှက်
သွေးစိမ်းရှင်ရှင်ထွက်အောင်လုပ် ခဲ့တာ
မင်းပျော်ရွှင်တယ်ဆို
ငါကျေနပ်ပါတယ်
ငါကျေနပ်ပါတယ်
ငါကျေနပ်ပါတယ်...........
အမှတ်တရတွေ
အတွေးထဲရောက်လာချိန်တိုင်း
မင်းကိုငါအရမ်းသတိရတယ်။
မင်းသိရဲ့လား ငါ့အတွေးထဲမှာ
မင်း အတွက် တည်ဆောက်ထားတဲ့
နန်းတော် ကြီးက
တခမ်းတနား နဲ့ပေါ့။
မင်းရဲ့ပန်းနုရောင်နှုတ်ခမ်းက
ပွင့်အံကျလာတဲ့စကားသံတိုင်းဟာ
ဆွတ်ပျံ့ကြည်နူးစရာတေးတစ်ပုဒ်လိ
ငါမက်မက်မောမောတပ်မက်ခဲ့ရတာပါ။
စိတ်ကူးယဉ်မှုတွေနဲ့ရူးသွပ်ခဲ့ပေ
သံယောဇဉ်ခြင်းလက်ရည်မမျှတော့လည်
ဒီတစ်သက်.......မင်း နဲ့
ကော်ဖီဆိုင်အတူထိုင်ခွင့်မရှိတေ
နှလုံးသားကဒဏ်ရာတွေ
တဆစ်ဆစ်နာကျင်ရင်း
ငါတို့ရဲ့အချစ်သစ်ပင်
ဝုန်း ခနဲပြိုလဲသွားတယ်
ငါ့ရဲ့စိတ်ကူးယဉ်ရူးသွပ်မှုတွေက
မျက်ရည်နဲ့အတူပျောက်ဆုံးသွားခဲ့
ဘာပဲဖြစ်ဖြစ်ငါမင်းကိုချစ်တယ်
ငါ့နှလုံးသားမှာ
လွမ်းဆွတ်သတိယမှုတွေကိုသံမှိုနှက်
သွေးစိမ်းရှင်ရှင်ထွက်အောင်လုပ်
မင်းပျော်ရွှင်တယ်ဆို
ငါကျေနပ်ပါတယ်
ငါကျေနပ်ပါတယ်
ငါကျေနပ်ပါတယ်...........
အ ရမ်း လှ တဲ့
ကောင် မ လေး တစ် ယောက်.....
ရိုး ရာ သ နပ် ခါး အ စား
မျက် နှာ ပေါ် မှာ
မာ န ခပ် ပါး ပါး ကို လိမ်း ခြယ် ထား တယ်။ ။ ။
ပွင့် ပွင့် လင်း လင်း ပြော ရ ရင်
တစ် ချက် တစ် ချက် ( သိပ် မ လို အပ် ပါ ပဲ )
အ ရောင် လက် ပြ ချင် နေ တဲ့
မင်း ရဲ့ သောက် မြင် ကပ် စ ရာ
မာ န မျက် နှာ ထား က လွဲ လို့
ကျန် တာ အား လုံး
ချစ် ဖို့ ကောင်း ၏ ။ ။ ။.....
ကောင် မ လေး တစ် ယောက်.....
ရိုး ရာ သ နပ် ခါး အ စား
မျက် နှာ ပေါ် မှာ
မာ န ခပ် ပါး ပါး ကို လိမ်း ခြယ် ထား တယ်။ ။ ။
ပွင့် ပွင့် လင်း လင်း ပြော ရ ရင်
တစ် ချက် တစ် ချက် ( သိပ် မ လို အပ် ပါ ပဲ )
အ ရောင် လက် ပြ ချင် နေ တဲ့
မင်း ရဲ့ သောက် မြင် ကပ် စ ရာ
မာ န မျက် နှာ ထား က လွဲ လို့
ကျန် တာ အား လုံး
ချစ် ဖို့ ကောင်း ၏ ။ ။ ။.....
Subscribe to:
Posts (Atom)